
ပန်းတို့သည် သူ့အလှနှင့်သူ သူ့ရနံ့နှင့်သူ ရသတစ်မျိုးစီ ပေးစွမ်းနိုင်ကြသကဲ့သို့ ကျွန်မ၏ ဝတ္ထုတိုများသည်လည်း... ဖတ်ရှုသူတို့ကို ရသတစ်မျိုးစီ ပေးစွမ်းနိုင်စေပြီးလျှင် စာဖတ်သူတို့၏ နှလုံးအိမ်၌ နှင်းဆီရနံ့ကဲ့သို့ သင်းပျံ့ကျန်ရစ်စေလိုသော စိတ်ဆန္ဒဖြင့် ဤဝတ္ထုတိုများအား နှင်းဆီရနံ့ဝတ္ထုတိုများ ဟု အမည်ပေးလိုက်ရပါသည်...